မိန်းမတစ်ယောက်ရဲ့ အဓိက အလှအပ တစ်ခုဟာ ဆံနွယ်လို့ ပြောလိုချင်ရင်ရပါတယ်….
အဲ့ဒါကြောင့် အမျိုးသမီးတိုင်း မိမိတို့ရဲ့ လှပတဲ့ ဆံနွယ်တွေကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်
အမျိုးသမီးတိုင်း မိမိတို့ရဲ့ ဆံနွယ်တွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ…..?
အစားအစာနှင့် ဗီတာမင် တွေနဲ့ဆံနွယ်တွေကို သန်စွမ်းအောင်ပြုလုပ်ကြမယ်…
အဲ့ဒီလိုပြောလိုက်လို့ တစ်ချို့ကမေးပါတယ် ဘယ်လိုအစားအစာနဲ့ ဘယ်လိုဗီတာမင်တွေက ဆံနွယ်တွေကို သန်စွမ်းအောင်ပြုလုပ်ပေးမှာလဲလို့မေးပါတယ်။
အောက်ဖော်ပြပါ အစားအစာနဲ့ ဗီတာမင်တွေက ပြုလုပ်ပေးပါလိမ့်မယ်
(မှတ်ချတ်။ မိမိကိုယ်တိုင် စိတ်အားထက်သန်စွာ ပြုလုပ်မှရပါမည်။)
ကျန်းမာသန်းစွမ်းတဲ့ ဆံနွယ်လေးတွေပိုင်ဆိုင်ရအောင်……..
ဆံပင်မှာဆိုရင် ဗီတာမင်ဓာတ်အများဆုံးပါဝင်ပါတယ်….
ဒါကြောင်မို့လို့ ဆံနွယ်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ လူတိုင်းလူတိုင်းဟာ ဆံပင်ကို တစ်နေ့ (3) ခါ တော့ အနည်းဆုံး ဖြီးမယ်လို့ထင်ပါတယ်။ အဲ့ဒီလိုဇြီးတိုင်းမှာ လူတစ်ယောက်မှာ အနည်းဆုံး ဆံပင်ကျွတ်နိုင်ချေ တစ်နေ့မှာ အပင်(100)လောက်တော့ ကျွတ်နိုင်ပါတယ်။ သိပ်ပြီး သတိမထား မိကြလို့ပါ ။ အဲ့ဒီလို ဆံပင်ကျွတ်တာဟာ မကောင်းပါဘူး အဲ့ဒီလို ဆံပင်ကျွတ်မှုနှင့် ဆံပင်လေးတွေ သန်မာလာအောင်…
အစားအစာကို ညီညွှတ်မျှတအောင် စားသောက်ပြီး အဲ့ဒီအစားအစာတွေမှာ ဗီတာမင် A,B,C,E&K ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို ပိုမိုစားသောက်ဖို့ လိုအပ်ပါတယ်။
အဲ့ဒီအစားအသောက်တွေကို စားပြီးကောင်းမွန်တဲ့ရလဒ်ရရှိအောင် အသားဓာတ်ပိုမိုပါဝင်တဲ့ အစားအစာကိုစားသင့်ပါတယ်… (ဥပမာ-အမဲသား၊ကြက်ဥ၊အစေ့ပါသောအသီး၊အခွံမာအသီး၊ငါး)
ဒီမှာဆိုရင် ငါးကိုပိုမိုစားသောက်သင့်ပါတယ် ။ဘာလို့လည်းဆိုရင် ငါးမှာ ပိုမိုကောင်းမွန်တဲ့ အသားဓာတ်ရယ်၊ သဘာဝ အဆီဓာတ်နှင့် မရှိမဖြစ်လိုအပ်တဲ့ ဖတ်တစ်အက်ဆစ်ဓာတ်တို့ ပါဝင် တာကြောင့် ပိုမိုစားသုံးသင့်ပါတယ်….
ဆံနွယ်ကို ဂရုစိုက်ရမယ့် အချတ်များ
- မင်းရဲ့ ဆံနွယ်ကို ထိန်းသိမ်းဖို့အတွက် မှန်ကန်သောနည်းလမ်းတစ်ခုရှိရမယ် အဲ့ဒီနည်းလမ်းကိုဘဲ သေချာလိုက်နာရမယ်
- လူတိုင်းအမှားဆိုတာရှိပါတယ် မင်းရဲ့ဆံနွယ် ပျက်ဆီးမှုအခြေအနေကြောင့် အမှားပိုမိုမပြုလုပ်မိအောင် ရှောင်ရမယ်။
- မင်းရဲ့ ဆံနွယ်ကို ဘယ်လိုပြုပြင်မယ်၊ treatment ယူမယ်ဆိုတာကို ချတ်ချင်းလက်ငင်းမဆုံးဖြတ်ပါနဲ့
- မင်းက ဆံပင်မြန်မြန်ရှည်ချင်တယ်ဆိုပြီး ဘာဘာညာညာရှောက်မလုပ်ပါနဲ့ ဖြစ်နိုင်တဲ့အကြောင်းတရားကိုဘဲ လတ်ခံဆုံဖြတ်ပါ
- ဆံပင်ရှည်ချင်တယ် ဆိုပြီး ပိုက်ဆံများများသုံးပြီး ဓာတ်ပြုဆေးများနှင့် ပြုလုပ်မနေပါနဲ့
- ပိုက်ဆံကို ချွေတာပြီး သဘာဝ သစ်ဥသစ်ဖုများနှင့် ပြုလုပ်ကြည့်ပါ
- ကျန်းမာရေးနှင့် သင့်တင့်မျှတသော အစားအစာကိုစားပါ
- ဆံပင်က ဘာကြောင့်ပျက်ဆီးရတာလဲ ပျက်ဆီးရတဲ့ အကြောင့်အရင်းကိုရှာပါ ပြီးရင် ရှောင်ရှားနိုင်အောင်ကြိုးစားပါ။
ဆံနွယ်တွေ ပျက်ဆီးရခြင်း အကြောင်းများ……
ခေါင်းဖီးရင် မိမိ ဆံပင်ကို အကြမ်းကြီး ဖီးရင်လည်းဖြစ်နိုင်ပါတယ်
ခေါင်းလျှော်ပြီးစ အခြေအနေဆို ပိုမိုပြီးဖြစ်နိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ ဆံပင်တွေစိုစွတ်နေတဲ့ အချိန်မှာဆိုတော့ များသောအားဖြင့် ဆံပင်ကို မြန်မြန်ခြောက်အောင်ဆိုပြီး တချို့က အကြမ်းကြီးတွေသုတ်ကြပါတယ် အဲ့ဒါကဆံပင်ပျက်ဆီးခြင်းရဲ့ အစပါ။ များသောအားဖြင့် ဆံပင်ကို အကြမ်းကြီးသုတ်ရင်ဘာမှ မဖြစ်လောက်ပါဘူးလို့ထင်ကြပါတယ် ဒါပေမယ့် ဆံပင်ကို အဓိက ပျက်ဆီးစေသောအကြောင်းအရင်းပါဘဲ ။
နောက်တစ်ခုကတော့ အမျိုးသမီးအများစုဟာ ကလစ်၊ခေါင်းဆီးကြိုးတွေကို အသုံးပြုကြပါတယ် ။ အဲ့ဒီ ဆံပင်အလှဆင်လေးတွေကလည်း ဆံပင်ကို ပျက်ဆီးစေပါတယ် သိပ်တော့ဆိုးကျိုးမရှိပါဘူး ဒါပေမယ့်လည်း ဂရုတော့စိုက်သင့်တာပေါ့နော်။ ဘာကြောင့်မို့လို့လည်း ဆိုတော့ ကလစ်ဆိုရင်တပ်ထားတာကနေ ချွတ်လိုက်ရင် ဆံပင်ပေါ်မှာ ကလစ်အရာလေးတော့ ထင်ခဲ့တယ် နောက်ပြီး ကလစ်မှာလည်း ဆံပင်းအနည်းငယ် ကျွတ်ပါသွားပါတယ် ။ ဒါကြောင့်မို့လို့ ကလစ်၊ခေါင်းဆီးကြိုးများကိုလည်း အမြဲတန်းမတွယ်သင့် ၊မဆီးသင့်ပါဘူး…
နောက်တစ်ချတ်ကတော့ ဆံပင်ကို သဘာဝနည်းအတိုင်းဘဲ ခြောက်ပါစေ …
ဘာလို့လည်းဆိုတော့ တစ်ချို့က ခေါင်းလျှော်ပြီးပြီဆိုရင် ခေါင်းကို အမြန်ခြောက်ချင်ကြတယ်လေ ဒါကတော့မှန်ပါတယ် ဘယ်သူက ခေါင်းအစိုကြီးနဲ့ အကြာကြီးနေချင်မှာလည်း ဒါကြောင့် တစ်ချို့က hairdryer ကိုသုံးကြတယ်လေ အပူအရမ်းပေးပြီးတောလေ hairdryer သုံးတာကောင်းတော့ကောင်းပါတယ် ။ ဒါပေမယ့် အရမ်းအပူပေးပြီးတော့ မသုံးသင့်ဘူး ဘာလို့လည်းဆိုတော့ ဆံပင်က စိုစွတ်တဲ့အချိန်မှာ ပိုမိုပျက်ဆီးဖို့ သေချာနေလို့ဖြစ်ပါတယ်။ ဒါကြောင့်ဆံပင်စိုစွတ်နေရင် တဘတ်နဲ့ နည်းနည်းလေး ခြောက်အောင်သုတ်ပြီးမှ hairdryer ကို အပူနည်းနည်းပေးပြီးမှ ခြောက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ခုက နေရောင်ခြည်ကြောင့်လည်း ပျက်ဆီးနိုင်ပါတယ်…….
အပြင်ထွက်တိုင်း မိမိရဲ့ ဦးခေါင်းမှာ ဦးထုပ်(သို့) ထီး ပါသလား စဥ်းစားပါ။
မပါရင်တော့ သေချာပါပြီ သင့်ရဲ့ ဆံပင် 50% ခိုင်နှုန်းဟာပျက်ဆီးနေပါပြီ။ ဒါကြောင့်မို့လို့ အပြင်ထွက်တဲ့အခါတိုင်း ဦးထုပ်(သို့)ထီး တစ်ခုခုကို ယူဆောင်သွားစေချင်ပါတယ်။အဲ့ဒီလို ယူရမှာပျင်းတဲ့သူ ဆိုရင် တော့ ခေါင်းလိမ်းဆီိကို လိမ်းသင့်ပါတယ်။
chlorine & saltwate
ကလိုရင်းနဲ့ စားဓာက်ပါတဲ့ ရေတွေနဲ့ခေါင်းလျှော်မိရင်ဘဲဖြစ်ဖြစ် မိမိတို့ရဲံ့ ဆံပင်သားတွေဟာ ပျက်ဆီးနိုင်ပါတယ်။
ဥပမာ- ဘယ်လိုတွေကြောင့်မိုလို့ ဆားငန်ရေနဲ့ မိမိတို့ရဲ့ဆံပင်ကိုဘယ်လိုထိတွေ့နိုင်လည်းဆိုရင် ချောင်းသာကိုသွားပြီးအပန်းဖြေတဲ့အခါမျိုးမှာဆိုရင် ဆားငန်ရေတွေနဲ့
Leave a Comment
No comments yet.
Comments RSS TrackBack Identifier URI
