ကြယ်တွေကြွေတာ ထိုင်ကြည့်ရင်းနဲ့ ငါ မင်းကို ချစ်မိတယ်……..
မင်းကိုလွမ်းရတိုင်းသာ
ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင်
လွမ်းရောင်သန်းတဲ့
ရှမ်းတောင်တန်းကြီးတွေမှာလည်း
လွမ်းရောင်သန်းတဲ့
ပန်းပွင့်လေးတွေလည်း ပွင့်နေလောက်ပြီ……
မှတ်ချတ်(ကိုယ်ပိုင်ကဗျာမဟုတ်ပါ)ဟဲ
ဆုံနိုင်ခွင့်မရှိတဲ့ ဘ၀တွေမှာ
ရင်ခုန်ုသံတွေ မေ့ထားကြရအောင်နော်
အ့ဒီအတွက် မကြွေကြေး
ငါတို့ ဘ၀တွေ နေကွယ်တဲ့အထိ
အပြုံးတွေနဲ့
နှုတ်ဆတ်ရင်း ခင်မင်ကြမယ်ဘယ်လိုလဲ……
( သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာပါ)
လူတစ်ယောက်နဲ့ တစ်ယောက်က မတွေ့တာကြာရင်မေ့နိုင်တယ်
ဒီတော့
မိတ်ဆွေ အပေါင်းအသင်းတွေကို
မကြာမကြာ ဆုံနိုင်အောင်
ကြိုးစားနော်………
မတွေ့တာကြာ၊ မေ့သွားမှာဆိုးလို့ပါ။
ည
အဲ့ဒီ တညပေါ့…..
မချိန်းဆိုပါပဲ ၀န်းကျင်တခုလုံး….
စကားလုံး မိုးတွေ ကြဲချလိုက်ပုံများ
နှလုံးသား သက်တမ်းတစုံ ဖြုတ်ခနဲ ကုန်တယ်။
အဲ့ဒီ တညပေါ့…..
အမုန်းမှိုင်းတွေ အားကြီးလိုက်ပုံများ
ရာဇ၀တ်သင့် ရင်ခွင်တောင်….
တဖြိုက်ဖြိုက်နဲ့ အလောင်ခံ လိုက်ရတယ်၊
အဲ့ဒီ တည မှာပါပဲ…..
နင့်နင့်နဲနဲ မိုးရာသီကို အသဲခွဲလိုက်တယ်….
ချင်းချင်းနီရဲ သွားလိုက်တာ
ငါ့ ရာဇ၀င်မှာ ဘာစာမှ မတင်နိုင်တော့ဘူး……။နေသာ တိမ်မလာမှ
ကောင်းကင်က ပြာတယ်
အဆုံးအစဆီ လှည့်ကြည့်တော့
ဘယ်မှာ အစ
ဘယ်မှာ အဆုံးလဲကွယ်
နိဒါန်းနဲ့ နိဂုံးတောင်
စဉ်မရတဲ့ သူ့ရင်ခွင်မှာ
နေတွေ လတွေ ဖြစ်ထွန်း
ကြယ်မျိုးစုံနဲ့ ချိတ်ဆွဲတောက်ပသူ
တိမ်ဖြူ တိမ်လိပ်နဲ့
ငိုသူ အငိုတိတ်ရအောင်
တခါတခါ တလှိမ့်လှိမ့်
တခါတခါ တခြိမ့်ခြိမ့်နဲ့
ရင်ဘတ် စည်တီးပေးရှာသူ
နေ့ဆိုလည်း နေ့မို့
ညဆိုလည်း ညမို့
တခါတခါ ပျောက်သွား
တခါတခါ ချောက်ချားနဲ့
တခါတခါမှ သာယာတဲ့
ကောင်းကင်ပြာရေ
ငါ
အငို မတိတ်ရင်နေပါကွယ်
တိမ်တွေတော့ တလိမ့်လိမ့်တက်မလာပါနဲ့
ဟိုး … မိုးကုတ်စက်ဝိုင်းထိ
ကောင်းကင်ရယ် ပြာစေသား။
ဖြူရင်လဲ စွတ်စွတ်ဖြူပါစေ မည်းရင်လဲပိန်းပိန်းမည်းပါစေ မဖြူမမည်း အညိုရောင် နှလုံးသားနဲ့ ငါ့ကိုလာမချစ်ပါနဲ့
<
Leave a Comment
No comments yet.
Comments RSS TrackBack Identifier URI
